Saturday, May 4, 2013

ဘာမှန်းမသိတဲ့လွမ်းဆု

ဒီနေ့ လွမ်းဆု အရမ်းပျင်းနေတယ်..
စိတ်ထဲမှာ တစ်မျိုးကြီးပဲ.. ဘာမှ မရှိတော့သလို ဟာတာတာနဲ့


ဘာမှလဲ မလုပ်ချင်သလို စားချင်စိတ်လဲမရှိဘူး..
မျက်လုံးဖွင့်ရမှာတောင် မဖွင့်ချင်ဝူး..
ဒါပေသိ.. လောကဓမ္မတာအရ လူမှုရေးကိစ္စကလည်းရှိသေး
ကျောင်းတုန်းက အချစ်ဆုံးသူငယ်ချင်းရဲ့သား ရှင်ပြုတဲ့. ဖိတ်ထားသေးတယ်..
လွမ်းဆုသွားမှဖြစ်မယ်.. တကူးတက လာဖိတ်ထားတာဆိုတော့ မသွားလို့မကောင်းဝူး..
ဒါနဲ့ လွမ်းဆု သွားဖို့ပြင်တယ်.. ပီးတော့ အလှူရောက်တယ်.. အလှူမှာလဲ စားချင်စိတ်မရှိဝူး
ဝတ်ကျေတန်းကျေစားဖြစ်ခဲ့တယ်.. မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တာတောင် လွမ်းဆု မပျော်သလိုပဲ.. ဘာဖြစ်နေတာလဲ.. ကိုယ့်ကိုယ် မစဉ်းစားတတ်ဝူး..
ဒါနဲ့ အလှူကအပြန် တော်ပီ အိမ်မှာပဲပြန်အိပ်တော့မယ်ဆိုပီး အိမ်ပြန်သွားတယ်..
အိမ်ရောက်ပြီးမကြာဝူး ဖုန်းက၀င်လာရော.. သူငယ်ချင်းတစ်ယောက်.. စင်္ကာပူက ခဏပြန်လာတဲ့ သူငယ်ချင်းရောက်နေတယ်တဲ့.. ဒီနေ့ညနေကားနဲ့ ရန်ကုန်ပြန်မှာ အခု အားလုံးစုံနေကြတယ်တဲ့.. လွမ်းဆုကို တွေ့ချင်တယ် လာဖြစ်အောင်လာခဲ့ပါတဲ့.. ဒါနဲ့ ပျင်းပျင်းနဲ့ သူတို့နဲ့တွေ့ရင် ပျော်မလားဆိုပြီး လွမ်းဆုအိမ်က ထွက်ခဲ့ပြန်တယ်.. သူငယ်ချင်းတွေကို လွမ်းဆုစတယ်.. နောက်တယ်.. တစ်ဟားဟားနဲ့ ရီကြတယ်.. ဒါပေမယ့် စိတ်ထဲမှာ ပျော်မလာဝူး.. ခံစားချက်က တစ်မျိုးပဲ.. လွမ်းဆုဘာဖြစ်နေတာလဲ..
လွမ်းဆုမသိတော့ဘူး.. သိလဲမသိချင်တော့ဘူး..
အခုလည်း အမတွေနဲ့ ၀ိုင်ခြံသွားဖြစ်မယ်.. အဲ့ကိုရောက်ရင်ရော.. လွမ်းဆုခံစားချက် ဘယ်လိုပြောင်းလဲသွားနိုင်လဲ.. ပျော်မှာလား... အဲ့လိုခံစားချက်မျိုး လွမ်းဆုခဏခဏ ခံစားရတယ်..

တကယ့်ကို ဘာမှန်းမသိတဲ့ လွမ်းဆု

အပြည့်အစုံသို့ ...

Friday, June 22, 2012

မိုးပျံပူးပေါင်းလေးနဲ့တူတဲ့အချစ်....


ငယ်ငယ်တုန်းက ပွဲသွားရင် မိုးပျံပူပေါင်းလေး အရမ်းလိုချင်လို့ ပူဆာခဲ့ဖူးတယ်...ပြီးတော့ ကိုယ်အရမ်းနှစ်သက်မိတဲ့ ပူပေါင်းလေးတွေ လက်ကနေ လွတ်ထွက်သွားမှာကို စိုးကြောက်လို့ ခပ်တင်းတင်းလေး ဆုတ်ကိုင်ထားမိခဲ့ဖူးတယ်...ဒါပေမယ့်.... ကြာလာတာနဲ့အမျှ ပူးပေါင်းလေးတွေ ပိန်ချုံးလာတာ ကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ဖူးတယ်..ဒါနဲ့ နောက်ဆို မိုးပျံပူပေါင်းလေးတွေ ၀ယ်ပြီး လက်ထဲမှာ ဆုတ်ကိုင်မထားတော့ပဲ ကောင်းကင်ပေါ်ကို လွှတ်တင်လိုက်တဲ့အခါမှာ မိုးပျံပူပေါင်းလေးတွေက ကောင်းကင်ပေါ်ကို လွှင့်ခနဲ ၀ဲပျံတက်သွားတယ်.. အပြာရောင်မိုးကောင်းကင်ပေါ် ၀ဲပျံနေတဲ့

အပြည့်အစုံသို့ ...

Wednesday, June 20, 2012

ငါဘယ်လိုရှေ့ဆက်ရမလဲ


ခရေပွင့်လေးတွေရယ်...
နင်နဲ့ငါနဲ့က ဘ၀တူတွေလို့ ထင်ခဲ့ပေမယ်..
နင်က ငါ့ထက်တော့ သာပါသေးတယ်....
နင်က မွှေးပျံ့တဲ့ ရနံ့လေးတွေကို ပိုင်ဆိုင်ထားတာကြောင့်
အချိန်တန်လို့ မြေမှာ ခ ခဲ့ရင်တောင်မှ
နင့်ရဲ့ ရနံ့လေးကြောင့် ဥပက္ခာပြုတဲ့သူ ရှားမှာပါဟာ...
နင့်ရဲ့ သင်းပျံ့တဲ့ ရနံ့လေးကြောင့် ကောက်ယူ နမ်းရှိုက်တဲ့သူတွေလည်း နည်းမှာမဟုတ်ပါဘူး..
ဒါကြောင့် နင်အားမငယ်ပါနဲ့...

အပြည့်အစုံသို့ ...

Tuesday, June 19, 2012

အလွမ်းဒဏ္ဍာရီ

♥နှောင်းခဲ့တဲ့ပုံရိပ်
  အိပ်စက်လေတိုင်း
  သတိရနေခဲ့....

♥သိပ်ခက်တဲ့ ကံကြမ္မာအကြောင်းရယ်က
  ပြန်လည်မပြောင်းလဲနိုင်တာ
  သိနှင့်လေတော့
  အရင်ကလို....တဒင်္ဂပျော်ရွှင်ချင်မိ......

အပြည့်အစုံသို့ ...

Thursday, June 14, 2012

ဆရာတော်ဦးဇောတိက၏မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း

လူတိုင်းစိတ်ပင်ပန်းရတာသက်သာအော

င်အကောင်းဆုံးလုပ်နည်းကတတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့
နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင် ပြင်ဆင်ချိန် မလောက်လို့ စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင် ၀ယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာ မဖြစ်အောင်နော်။

အပြည့်အစုံသို့ ...

Tuesday, June 12, 2012

အက်ရာထင်သွားတဲ့ မှန်ကလေး

အချစ်ဟာ .. မှန်လေးတစ်ချပ်နဲ့တူမယ်ဆိုရင်...

ကျွန်မမှာလဲ.. မှန်တစ်ချပ်ရှိတယ်..
မှန်လေးကို ကြာရှည်အသုံးပြုချင်တယ်ဆိုရင်တော့... သေချာဂရုစိုက်မှဖြစ်မယ်..
သေချာဂရုမစိုက်မိလို့ လွတ်ကျသွားတာဖြစ်ဖြစ်.. တိုက်မိသွားရင်ပဲဖြစ်ဖြစ်....
ချက်ချင်း မကွဲသွားရင်တောင်မှ.. အစင်းကြောင်းထင်သွားလိမ့်မယ်...
အစင်းကြောင်းထင်ပြီးသား မှန်တစ်ချပ်ဟာ နဂိုမှန်လေးအတိုင်းတော့
ဘယ်သောအခါမှ ပြန်ရနိုင်မှာမဟုတ်တော့ပါဘူး...
ဒါကြောင့်.... သေချာဂရုစိုက်ဖို့လိုတာပါ...
အချစ်ကလည်း ....ဒီသဘောအတိုင်းပါပဲ.....
ရေရှည်တည်မြဲတဲ့အချစ် တစ်ခုဖြစ်ဖို့အတွက်....

အပြည့်အစုံသို့ ...

တိုးတိတ်မှတ်တမ်း....


ကို.. မစဉ်းစားမိဘူးလားကွယ်
ကိုနဲ့ တစ်ရက်လေး ဖုန်းမပြောရရင်တောင်မှ
နေလို့မတတ်တာ…
ဝမ်းနည်းထိခိုက်လွယ်တဲ့..
ကျွန်မလေ.. ကိုနဲ့သာ တစ်သက်လုံးဝေးရမယ်ဆိုရင်
ဘယ်လိုများနေရစ်ခဲ့ရမလဲဆိုတာ…
နဲနဲလေးတော့ ငဲ့ကြည့်ပေးသင့်ပါတယ် ကို…
ဒါပေမယ့်လေ…ကျွန်မရဲ့ဘ၀မှာ…
ကျွန်မကြောင့် ဘယ်သူ့ကိုမှ စိတ်မထိခိုက်.. စိတ်မရှုတ်စေချင်တာ
ကျွန်မသိပ်ချစ်ရတဲ့…ကို.. စိတ်ညစ်.. စိတ်ရှုတ်ရတယ်ဆိုတော့
ကျွန်မ ဘယ်လိုနှလုံးသားနဲ့ ခံစားကြည့်ရမလဲ…

အပြည့်အစုံသို့ ...